တံတားဦး ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရကပ်နေ့ တံတားဦခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း အမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တံတားဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ပန်းယျကျေးရွာ စိန်ဖူးကျောင်း ဆရာတော် ဘဒ္ဒန္တကေသရ အရှင်သူမြတ်အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းသိုက်နှင့် ဝန်ထမ်းများ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည် ။
အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တံတားဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ပန်းယျကျေးရွာ စိန်ဖူးကျောင်းဆရာတော် ဘဒ္ဒန္တ ကေသရထံမှ ငါးသီလခံယူဆောက်တည်ကြပြီး ဆရာတာ် သံဃာတော်များ ရွတ်ပွားသရဇ္ဇျယ် တော်မူကြသည့် ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များနှင့် အနန္တရာယ်ကင်း ကမ္မဝါစာများကိုနာယူကြည်ညိုကြသည်။ ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များကိုအား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တံတားဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ပန်းယျကျေးရွာ စိန်ဖူးကျောင်းဆရာတော် ဘဒ္ဒန္တ ကေသရထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကြောင်း သိရသည် ။
ဦးရဲတင့်( ပြန်/ဆက်)