ရခိုင်ပြည်နယ် မောင်တောမြို့၌  အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

မောင်တော  ဧပြီ     ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၊ မြို့ပေါ်ရပ်ကွက်  လမ်းဆုံလမ်းခွနေရာများတွင် နှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၆ အချိန်က သတ်မှတ်နေရာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို မြို့ပေါ်ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဆုံလမ်းခွများ၌ စုရပ်များထားရှိပြီး စုရပ်(၁)ခုလျင် သံဃာတော်(၃)ပါးက နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ၊ နဝကမ္မအလှူငွေများဆက်ကပ်ခဲ့ကြ‌ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)