သတင်းများ

ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ ရွှေစင်မင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်၍ နယ်လှည့်ကွင်းဆင်းမှုများ ဆောင်ရွက်
Apr 20,2023
ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရွှေလှေကား စာပေဂီတ၊ အထွေထွေဗဟုသုတ ပြန့်ပွားရေးကွန်ရက်တို့ ပူးပေါင်းကာ  မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)ရှိ  ရွှေစင်မင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သို့ ယနေ့နံနက်ပိုင်းက သွားရောက်ကာ နယ်လှည့်ကွင်းဆင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေး
Apr 20,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်အောင်မြင်ရပ်ကွက်သို့ သွားရောက်ပြီး ရပ်ကွက်နေစာဖတ်ပရိသတ် ပြည်သူများအား စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၃) အစည်းအဝေးသို့တက်ရောက်
Apr 20,2023
မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၃) ကို ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁  နာရီက  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ နာနတ်ပင်စိုက်ပျိုးနည်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်
Apr 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်နေပြည်သူများ ဗဟုသုတတိုးပွားရရှိ‌ စေရေးရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင်လည်း သီးပင်စားပင် စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ “နာနတ်ပင် စိုက်ပျိုးနည်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်လေးကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ပေးခဲ့သည်။
မလှိုင်မြို့နယ်လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူ၍ သက်ကြီးဘိုးဘွားများအား ထောက်ပံ့လှူဒါန်း
Apr 20,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်မှုဖြင့်  မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ (၄)နာရီခွဲ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ ထန်းလုံး ဓမ္မာရုံ (သုဓမ္မဒိန္နာ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ မြန်မာနှစ်ဆန်းကာလတွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့
Apr 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မန္တလေးစာသင်တိုက်ဆရာတော် ဉူးပညာဒီပဦးဆောင်၍ ဝမ်နားကျေးရွာမှ စေတနာရှင်များနှင့်ပူးပေါင်း၍ ယမန်နေ့က မိုင်းတုံအုပ်စု၊ ဝမ်နားကျေးရွာအုပ်ချုပ်‌ရေးမှူးအိမ်၌ ကျေးရွာတွင်ရှိသော ဘိုးဘွား(၁၀)ဦးအား တစ်ဦးလျှင်
ဘားအံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ကျေးလက်နေပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးလျက်ရှိ
Apr 20,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျေးလက်နေပြည်သူများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီခန့်ကစတင်၍ စံဖရီးကျေးရွာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ဟိုပန်၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ
Apr 20,2023
(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ ဟိုပန်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပါသည်။