စုကလိ ဧပြီ ၁၈
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့ စခန်းသစ်ကျေးရွာတွင် ဈေးကွက်ဝင် ပီလောပီနံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ စခန်းသစ်ကျေးရွာတွင် ကိုင်းဆက်စိုက်ပျိုး ထားသော ပီလောပီနံများ အား ယခုနှစ်တွင် ဧက ၁၀၀ ကျော် စိုက်ပျိုးထားလာနိုင်ပြီး ဖြစ်သည်။ ပီလောပီနံများအား ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနိုင်သော ရောင်းတန်းဝင်သီးနှံတစ်မျိုးအဖြစ် ဈေးကွက်တွင် ထိုးဖောက်ဝင်ရောက်လာပြီး တောင်သူများအနေဖြင့် ပြောင်းအစားထိုးသီးနှအဖြစ် စိုက်ပျိုး လာကြပြီးဖြစ်သည်။
ပီလောပီနံများအား ကိုင်းဆက်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး ဥဥချိန်အထိ ကြာချိန်ကာလ ၄ လခန့် ကြာမြင့်ပြီး ဥအရွယ်အစား အနေအထား ပေါ်မူတည်ပြီး တူးဖော်ရောင်းချ နိုင်သည်။ ထိုင်းနိုင်ငံမှ ဝယ်ယူရာတွင် ဥအစို တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၄၀ ဘတ်နှင့် အခြောက်ခံပြီး တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၆၀ ခန့် ရရှိသည်။
စုကလိမြို့ စခန်းသစ်ကျေးရွာတွင်တောင်ယာ ငရုတ်သီး၊ အစေ့ထုတ်ပြောင်း၊ တောင်ယာစပါး၊ ဝဥ၊ ဒေသတွင်းသီးနှံများစိုက်ပျိုးထားရာမှ ယခုနှစ်တွင် ပီလောပီနံများအား စီးပွားဖြစ် စိုက်ပျိုးလာကြပြီး ထိုင်းနိုင်ငံမှ အကျိုးတူစီးပွားဖြစ် စိုက်ပျိုးကြကြောင်း စိုက်ပျိုးသူတစ်ဦးထံမှ သိရှိရသည်။
ပိုပိုအောင်