ရှမ်းရွာသစ် ဧပြီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသနေပြည်သူများ စုပေါင်း၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ ဘုရားစေတီပုထိုးများ၌ ကောင်းမှုကုသိုလ်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသော နှစ်ဆန်းတစ်ရက်အခါသမယကာ လတွင် မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း၌ ဉပုသ်သီလခံယူဆောက်တည်ခြင်း၊ တရားဘဝနာ အားထုတ်ခြင်း၊ ဘုရားစေတီများတွင် ပန်းရေချမ်းဆီမီးများ ကပ်လှူပူဇော်ခြင်းနှင့် ဘုရားရေသပ္ပာယ်ခြင်း လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး အလှူရှင်များမျလည်း ဉပုသ်သီလဆောက်တည်သူများအား စတုဒိသာများဖြင့် ကျွေးမွေးခြင်း၊ လူငယ်များမှလည်း လုပ်အားဒါနကုသိုလ်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင် အန္တရာယ်ကင်းပရိတ်တရားတော်များကိုလည်း ဧပြီလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းတွင် သံဃာတော်အရှင်သူမြတ်များက လှည့်လည်၍ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)