တောင်ကုတ် ဧပြီ ၁၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့ ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များကို ပင့်ဖိတ်ကြည်ညို၍ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များကို မြို့တွင်းလမ်းမကြီးများတစ်လျှောက် လှည့်လည်နာယူခဲ့ကြကြောင်း သိရသည်။
ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ မဏ္ဍပ်တွင် ပင့်သံဃာတော်များထံမှ နှစ်သက်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူကြပြီးနောက် လှူဖွယ်ဝတ္တုများကပ်လှူပူဇော်ကြသည်။
ထို့နောက် သံဃာတော်များအား မော်တော်ယာဉ်ပေါ်သို့ပင့်ဖိတ်၍ မော်တော်ယာဉ်များဖြင့် မြို့တွင်း လမ်းမကြီးတစ်လျှောက် မြို့တစ်ပတ်အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)