မယ်စဲ့မြို့နယ်တွင် နွေရာသီအားကစားသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပေး

မယ်စဲ့ ဧပြီ ၂၀

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက်ပိုင်းက မယ်စဲ့မြို့အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် ကိုယ်ကာယဖွံဖြိုးတိုးတက်စေရန်အတွက် အေရိုးဗစ်လေ့ကျင့်ခန်း၊ ကိုယ်ကာယလေ့ကျင့်ခန်းအတွဲ(၁)နှင့်အတွဲ(၂)ကို သင်တန်းနည်းပြ ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိသည်။

ဆက်လက်၍ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာ၊ လူ့ဘဝနေနည်း၊ ထိုင်နည်းမှစ၍ စာရိတ္တ၊ ကိုယ်ကျင့်တရား၊ စောင့်ထိန်းရမည့် လောကကျင့်ဝတ်တို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေပြီး လိုက်နာစောင့်ထိန်းတတ်စေရန်အတွက် ယာဉ်ကျေးလိမ္မာသင်တန်းကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ အထက(မယ်စဲ့)မှ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(မယ်စဲ့)