သတင်းများ

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်နှင့် Scrabble ပြိုင်ပွဲဆောင်ရွက်
Apr 25,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်‌ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်သောအချိန်ကို အသုံးချတက်စေရန်ပျော်ပွဲရွှင်များ၊ အားကစားနည်းပညာများဖြင့်တဲ့ စစ်တုရင်ပြိုင်ပွဲနှင့် Scrabble ပြိုင်ပွဲများကို ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်းကျင်းပ
Apr 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေး ယမန်နေ့နံနက် (၁၀)နာရီခွဲက စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် သောကဖြေဆေးရွှေအတွေးစာအုပ် စာဖတ်ဝိုင်းအား ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာနှင့်တံတားဦးကျေးရွာတို့မှ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများထိုးနှံ
Apr 25,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦး ကျေးရွာတို့တွင်​ ဧပြီ ၂၁ ရက် ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
ကလိန်အောင်မြို့တွင် သင်္ကြန်ကာလအပြီးတွင် အုန်းသီး‌များဈေးကောင်းရရှိ
Apr 25,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ‌ယခုအခါ သင်္ကြန်ကာလအပြီး မြန်မာနှစ်သစ်ကူးအစတွင် အုန်းသီးရောင်းအားကောင်းနေပြီး ဈေးကောင်းရရှိနေ၍ အုန်းခြံစိုက်ပျိုးထားသူများ ဝင်ငွေကောင်းကာ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ပြပွဲကျင်းပ
Apr 25,2023
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေမြတ်နိုးသူများ (Book Club) အသင်းတို့ ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီရေတပ်စခန်းဌာနချုပ် တပ်မတော်(ရေ) ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်း အမှတ်စဥ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျွန်းစုမြို့နယ်တွင် ကျင်းပ
Apr 25,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ် တပ်မတော်(ရေ) ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်းအမှတ်စဥ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို တောင်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်ကျော်ရွှေထွန်း၊ တနင်္သာရီရေတပ် စခန်းဌာနချုပ်မှ အမှတ်(၅၆)စစ်ရေယာဥ်စုမှူး ဒုတိယဗိုလ်မှူးကြီး ချစ်မောင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိစစ်သည်များ၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး ယနေ့နံနက် (၉)နာရီ အချိန်က တနင်္သာရီရေတပ် စခန်းဌာနချုပ်၊ တနင်္သာရီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံ သင်တန်းဖွင့်ပွဲ တက်ရောက်
Apr 25,2023
ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာနားထောင်မှုနှင့် အပြောစွမ်းရည် ပိုမိုကောင်းမွန်လာစေရန်၊ ကွန်ပျူတာအခြေခံသဘောတရားများ သိရှိလာပြီး လက်တွေ့ဘဝတွင် အသုံးချနိုင်စေရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော အင်္ဂလိပ်စာနှင့် ကွန်ပျူတာ အရည်အသွေး ကောင်းမွန်စွာ ပေါ်ထွက်လာစေရန်၊ နွေရာသီအားလပ်ရက်၌ အချိန်ကိုအကျိုးရှိစွာ သင်ကြား၊ သင်ယူမှု လုပ်ငန်းစဉ်များနှင့် ကုန်ဆုံးစေရန်၊ အခြေခံပညာကျောင်းများမှ ပညာရည်ပြည့်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံသားကောင်း၊ လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ သည်။
ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာတွင် ကျောက်ဖရုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တစ်လုံး(၁၅၀၀)ကျပ် ရောင်းချရသဖြင့် တောင်သူများအဆင်ပြေ
Apr 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာတွင် စိုက်ပျိုးထားသော ကျောက်ဖရုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တစ်လုံး(၁၅၀၀)ကျပ် ရောင်းချရသဖြင့် ကျောက်ဖရုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။