နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား အလှူရှင်များမှလှူဒါန်းသည့် ပစ္စည်းနှင့်အလှူငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
Apr 23,2023
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ည ၆ နာရီ ၂၀ မိနစ်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်း ကျေးရွာရှိ လူနေအိမ် ၁၅၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း နှင့် တံတားဦးကျေးရွာရှိ လူနေအိမ် ၇၇ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း တို့ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၇၂ ဦး၊ စုစုပေါင်း ၁၀၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ က အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဒဏ်ရာရပြည်သူများအား နီးစပ်ရာဆေးရုံများသို့ ဆေးကုသမှုခံနိုင် ရေး ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။