မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး Talk Show ရိုက်ကူး ထုတ်လွှင့်

မက်မန်း ဧပြီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူငယ်များ အသိဉာဏ်ပညာတိုးတက်ရေး၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရေးတို့အတွက် လူငယ်ရေးရာအသိပညာပေး Talk Show ကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။

ထိုသို့ရိုက်ကူးရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်ပညာ၊ နည်းပညာများနှင့် တွေးခေါ်မှုများ မှန်ကန်ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ မှန်ကန်အသော အတွေးအခေါ်ဖြင့် လူငယ်များဘဝများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်သင့်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ ပတ်ဝန်ကျင်မှ အရောင်သွေးများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိတွေ့ ရရှိနိုင်ပါကြောင်း၊ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်ရသူများအနေဖြင့် တိုးတက်ကြီးပွားမှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။ ထို့နောက် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးဝင်းခိုင် (ဦးစီးအရာရှိ)က လူငယ်များအနေဖြင့် နုပျိုချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန်လိုအပ်ပါကြောင်း၊ လူငယ်များ၏ စွမ်းပကားဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို တည် ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းများဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ကြရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) အား မက်မန်းခရိုင် ပြည်သူ့စာကြည်တိုက် Page နှင့် We love Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)