မိုးမိတ် ဧပြီ ၂၀
နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား၊ ကျောင်းသူများ ဗုဓ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံတမ်းအစဉ်အလာများနှင့် ယဉ်ကျေးမှုဘာသာရပ်များကို လေ့လာသိရှိစေလိုသောရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြောက်ပိုင်းရပ်ကွက် အမှတ်(၁)အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များအား ပူဇော်ကန်တော့ခဲ့ကြပြီး ပုပ္ပာရုံဆရာ တော်ဘုရားကြီး နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ရခြင်နှင့်ပတ်သက်၍ မိန့်ကြားတော်မူခဲ့ပြီး သင်တန်းနည်းပြဆရာဦးအောင်ခင်ဦးကလည်း နွေရာသီဗုဒ္ဓဘာသာယဉ် ကျေးမှုသင်တန်းကို မဖွင့်လှစ်နိုင်တာ လေးနှစ်ကျော်လောက်ကြာမြင့်ပီးဖြစ်ကြောင်းနှင့် ယခုဖွင့်လှစ်သောသင်တန်းကို (၁) လတာဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် ယနေ့အထိ တက်ရောက် သူသင်တန်းသား၊ သူများမှာ (၇၂) ဦးအထိရှိပြီး သင်တန်းဦးရေး ပိုမိုများပြား လာနိုင်သည်ဟုပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ကျောင်းသားမိဘများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစည်သူဌေး (ခရိုင်ပြန်/ဆက်)