သတင်းများ

နတ်မောက်မြို့တွင် ပေါ်ဦးပေါ်ဖျား ဒေသထွက် စိန်တစ်လုံးသရက်သီးများ စျေးကောင်းရ
Apr 26,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ မြို့မစျေးသို့ လာရောက်ရောင်းချကြသည့် ဒေသထွက် စိန်တစ်လုံးသရက်များမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ စျေးကောင်းရကြောင်း စိန်တစ်လုံးသရက် ရောင်းချသူ ဒေါ်တင်မူထံမှ  သိရသည်။
ဆင်ပေါင်ဝဲမြို့၌ ငှက်ပျောပင်များ စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိ
Apr 26,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် စီးပွားရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစု အပိုဝင်ငွေ ရရှိစေရန်အတွက် ငှက်ပျောပင်များကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် "ပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အသိပညာပေး” Talk Show ကျင်းပ
Apr 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက "ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေအသိပညာပေး” Talk Show ကျင်းပ ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ လေဘေးသင့် နေအိမ် (၁၀၂) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌနမှ ထောက်ပံ့ငွေပေးအပ်
Apr 26,2023
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ဧပြီ (၂၂) ရက်နှင့် (၂၃) ရက်ညနေပိုင်းမှ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများမှ ပျက်စီးခဲ့သည့် လူနေအိမ် (၁၀၂) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းတို့အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ခြင်း
နတ်မောက်မြို့နယ် ရွာသစ်ကျေးရွာသို့ သစ်တောဦးစီးဌာနမှ ၂၀၂၃ - ခုနှစ်၊ မိုးရာသီတွင် ကျေးရွာထင်းစိုက်ခင်း (၂၀)ဧကအား လွှဲပြောင်းပေးသွားမည်ဖြစ်                                          
Apr 26,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃-ခုနှစ် မိုးရာသီတွင် ကျေးရွာထင်းစိုက်ခင်း (၂၀)ဧကအား စိုင်ကောင်းကြိုးဝိုင်း အကွက်အမှတ်(၁၅)အတွင်း တည်ထောင်စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကျွမ်းကျင်သော စက်ချုပ်တက်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် အခြေခံစက်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားသွားမည်
Apr 26,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ဒေသပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တက်သော လူငယ်လူရွယ်များ ပေါ်ထွန်းထာစေရန် အခြေခံစက်ချုပ်သင်တန်းကို မေလတွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကျင်းပ
Apr 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေး ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား နမ့်ခမ်းမြို့၌  ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်
Apr 26,2023
ဒေသအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဌာနဆိုင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများ လျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။