သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Apr 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပျဉ်းမနားမြို့နယ်၌ (၃၈)ကြိမ်မြောက်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲသို့ စာဖြေသာမဏေနှင့် သီလရှင် ၆၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၀၉ ဦး ဝင်ရောက်ဖြေ
Apr 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ကျင်းပသော ၂၀၂၃ ခုနှစ်၊ (၃၈)ကြိမ်မြောက်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ပထမနေ့ (ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ)ကို ယမန်နေ့မွန်းလွဲပိုင်းက မင်္ဂလာဗျူဟာသာသနဗိမာန်၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရမ်းဗြဲမြို့နယ်နှင့် စနဲမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ
Apr 26,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်နှင့် စနဲမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံသည်။
ကျွန်းစုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) နှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Apr 26,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
Apr 26,2023
ပဲခူးမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက စကောကရင် တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအတွက် ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
တပ်ကုန်းမြို့နယ် မဟာဇနကပရိယတ္တိစာသင်တိုက်တွင် ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား
Apr 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်တွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အဆိုပါကျောင်းတိုက်ရှိ မဟာဇနကဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အပူရှပ်ခြင်း အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်
Apr 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ကျန်းမာရေး အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အပူရှပ်ခြင်းအကြောင်း သိကြောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ်၌ (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကျင်းပ
Apr 26,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ယဥ်ကျေးလိမ္မာသော အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကြီးမှူးကျင်းပသော (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့သစ်(၅) ရပ်ကွက်၇၀x၇၂လမ်းကြား၊ ၁၁၁ လမ်းရှိ မင်္ဂလာညွှန့် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။