သတင်းများ

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လေ့လာရေးရောက်ရှိသော သူနာပြုတက္ကသိုလ်မှ တတိယနှစ် ကျောင်းသူများအား Mobile စနစ်ဖြင့် စာအုပ်စာစောင်မျာ ငှားရမ်းပေး
Apr 26,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် စာဌားဝန်ဆောင်မှု များကို စာကြည့်တိုက်တွင် ငှားရမ်းသည့်အပြင် မိုဘိုင်းစနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မကူးစက်ကူးစက်ရောဂါအတွက် ကွင်းဆင်းလေ့လာကြသော သူနာပြုတက္ကသိုလ်မှ တတိယနှစ်ကျောင်းသူများအား သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(အင်းစိန်မြို့နယ်)မှ ဆဋ္ဌမအကြိမ်မြောက် သက်ကြီးသတင်းစာဆရာကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပ
Apr 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (အင်းစိန်)မှ ဆဋ္ဌမအကြိမ်မြောက် သက်ကြီးသတင်းစာဆရာကြီးများအား ပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ပျော်ဘွယ်မြို့နယ်တွင် နွေရာသီကာလ ကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်ပို့ချ
Apr 26,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာဗဟု သုတရရှိစေရန်အတွက် ဆောင်ရွက်ရှိသလို လူငယ်များအတွက်လိုအပ်လျက်ရှိသော သင်တန်းများကိုလည်းဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ နွေရာသီ သင်တန်းအဖြစ် ကဗျာရေးစပ်နည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြော
Apr 26,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။
ကော့သောင်းမြို့နယ်၊ နမ္မတွန်-ရွာဟေ့လူ‌ ကျေးရွာချင်းဆက်လမ်း ၃၆/၂ မိုင်ပေါ်တွင် ၇/၀ မိုင် အမာခံလမ်းခင်းခြင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Apr 26,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ နမ္မတွန်-ရွာဟေ့လူ‌ ကျေးရွာချင်းဆက်လမ်း ၃၆/၂ မိုင်ပေါ်တွင် ၇/၀ မိုင် အမာခံလမ်းခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ သုတေသနစိုက်ခင်းများ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသခံတောင် သူများထံ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီများ၊ မျိုးစေ့များထောက်ပံ့ပေး
Apr 25,2023
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးရှိ သုတေသနစိုက်ခင်းသို့ ရောက်ရှိကြသည်။
တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်သင်ကြား
Apr 25,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့်အသိပညာ အတတ်ပညာများဖွံ့​ဖြိုးတိုးတက်လာစေ​ရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းအား ယမန်နေ့မွန်းလွဲပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြား​​လျက်ရှိသည်။
စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ စေတနာသွေးသန့် သွေးလှူရှင်စုဆောင်းရေး အသိပညာပေး ဆောင်ရွက်
Apr 25,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီ အသင်းခွဲငယ်ရုံးအတွင်း၌ ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီတပ်ခွဲမှူး ဦးသူ့ထက်အောင်မှ ကြီးကြပ်၍ တပ်ဖွဲ့ဝင်များနှင့် စေတနာသွေးသန့် သွေးလှူရှင်များစွာ ပေါ်ပေါက်စေရေး၊ သွေးလှူရှင်စုဆောင်းရေး အသိပညာပေး ဆွေးနွေးခြင်းကို ဧပြီလ (၂၃) ရက် မွန်းလွဲ ၁ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။