နတ်မောက်မြို့နယ် ရွာသစ်ကျေးရွာသို့ သစ်တောဦးစီးဌာနမှ ၂၀၂၃ - ခုနှစ်၊ မိုးရာသီတွင် ကျေးရွာထင်းစိုက်ခင်း (၂၀)ဧကအား လွှဲပြောင်းပေးသွားမည်ဖြစ်                                          

နတ်မောက် ဧပြီ ၂၆  

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃-ခုနှစ် မိုးရာသီတွင် ကျေးရွာထင်းစိုက်ခင်း (၂၀)ဧကအား စိုင်ကောင်းကြိုးဝိုင်း အကွက်အမှတ်(၁၅)အတွင်း တည်ထောင်စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစိုက်ခင်းတွင် မြို့နယ်သစ်တောဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စိုက်ပျိုးမည့်ပျိုးပင်များအား စိုက်ခင်းနှင့်အနီးရှိ ဥယျာဉ်ကျေးရွာတွင် ယာယီပျိုးဥယျာဉ်တည်ဆောက်ထားလျက်ရှိရာ ယူကလစ်သစ်မျိုးပေါင်း (၂၉၀၄၀) ပင်အား ပျိုးထောင်ထားရှိခဲ့ပြီး စိုက်ခင်းအား ရွာသစ်ကျေးရွာရှိ ဒေသခံပြည်သူများ ထင်းလောင်စာအခက်ခဲမရှိစေရန် ရွာသစ်ကျေးရွာသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူးထံမှ သိရသည်။

လှဝင်း