သတင်းများ

မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းဆိုင်ရာ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Apr 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပသော မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင်ကျင်းပသည်။
မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံစာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Apr 26,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်သည်။
မလှိုင်မြို့နယ်တွင် (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကျင်းပ
Apr 26,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပညာရေးအဖွဲ့ငယ်)မှ ကြီးမှူးကျင်းပသော (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်တွင် စာစစ်ဌာန(၃)ခု၌ ဖြေဆိုခဲ့ကြောင်း သိရသည်။
မချမ်းဘော၌ နွေရာသီအားကစားသင်တန်း ဆက်လက်သင်ကြား
Apr 26,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီ အခြေခံအားကစားသင်တန်းကို ဆက်လက်သင်ကြားလျက်ရှိ ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် လေးပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လူနေအိမ် (၂၁)အိမ်နှင့် လူမှုကူညီရေးရုံးတစ်ရုံး ထိခိုက်ပျက်စီး
Apr 26,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ယမန်နေ့ ညနေ (၄)နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မမုန်ကိုင်ကျေးရွာအုပ်စုအတွင်း လူနေအိမ် (၂၁)အိမ်နှင့် လူမှုကူညီရေးရုံး တစ်ရုံးတို့ တစ်စိတ်တစ်ပိုင်း ထိခိုက် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်များနုတ်သိမ်းပြီးဖြစ်ကာ တစ်ပိဿ ၁၂၀၀ ကျပ်ရောင်းချရ
Apr 26,2023
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများ ဆောင်ကြက်သွန်များ စတင်နုတ်သိမ်း ပြီးပြီဖြစ်ကြကာ ဆောင်းကြက်သွန်နုတ်သိမ်းပြီးစအချိန်မှာပင် တစ်ပိဿာ ၁၂၀၀ ကျပ်ရောင်း ချရခြင်းကြောင့် မနှစ်ကဆောင်းကြက်သွန်နီနုတ်ပြီးစအချိန် တစ်ပိသာ ၅၀၀ ကျပ်သာရောင်းခဲ့ရပြီး ယခုနှစ် နုတ်ပြီးစအချိန်မှာပင် ၇၀၀ ကျပ်ပိုမိုရောင်းချနေရကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်စိုက်တောင်သူ ဒေါ်ဌေးကြည်ထံက သိရသည်။
ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူများ ပုံမှန်အရောင်းအဝယ်ဖြစ်
Apr 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင်ပြုလုပ် ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူများထံမှ သိရသည်။
သရက်ချောင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Apr 26,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) သက်ဆိုင်သူအားလုံး ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။