ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် "ပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ ဧပြီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက "ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေအသိပညာပေး” Talk Show ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် နေပြည်တော် တရားမျှတမှုစင်တာမှ အထက်တန်းရှေ့နေ ဒေါ်ခင်သန္တာမျိုးတို့က ပြည်သူပိုင်ပစ္စည်းဆိုတာ ဘာလဲ၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊  အကျိုးပျက်စီးခြင်းများ ပြုလုပ်ပါက အရေးယူခံရနိုင်သည့် ပုဒ်မများ၊ ပြစ်ဒဏ်များနှင့် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မများအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန် အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)