သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တန့်ယန်းခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Apr 26,2023
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက တန့်ယန်းမြို့ မဟာမြတ်မုနိဘုရားအား သွားရောက်ဖူးမျှော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော် ဘဒ္ဒန္တဦးကောလိသ၊ စဝ်စုခမ်းဆရာတော် ဘဒ္ဒန္တသုခမိန္ဒအား ဖူးမျှော်ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။
သီပေါမြို့နယ် ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယဉ်ကျေးလိမ္မာ သင်တန်း စာမေးပွဲပထမနေ့ ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ် စတင်ဖြေဆို
Apr 26,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်းတိမ်တောင်ရပ်ကွက်ရှိ ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယဉ်ကျေးလိမ္မာ သင်တန်း ရေးဖြေစာမေးပွဲ ပထမနေ့ ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်အား ယနေ့နံနက် (၈) နာရီခွဲက စတင်စစ်ဆေးဖြေဆို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့၊ စည်ပင်သာယာဈေးအတွင်း တိရစ္ဆာန်အသားစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Apr 26,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရွှေတောင်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ အသားဆိုင်များအား အသားစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Apr 26,2023
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် “ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Apr 26,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်  ၉ နာရီအချိန်က “ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမျိုးသမီးများဘဝ မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ကျင်းပ
Apr 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အမျိုးသမီးများဘဝမြှင့်တင်ရေး၊ အမျိုးသမီးများကျန်းမာရေး၊ လူမှုဘဝလုံခြုံရေးတို့အတွက် စာအုပ်စာစောင်ပြပွဲကို ယနေ့၊ နံနက် ၈ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြသခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲ သံဃာ(၁၀)ပါးနှင့် လူပုဂ္ဂိုလ်(၆၁) ဦးဖြေဆို
Apr 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် (ဓမ္မဝိဇိတဗိမာန်တော်ကြီး)၌ စတင်ဖြေဆိုရာ မြို့နယ်သံဃနာယက ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်ကြသည်။