သတင်းများ

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Youth Club Book  Club နှင့် Women Clubအဖွဲ့များ ပြန်လည်ဖွဲ့စည်းခြင်း
Apr 26,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Youth Club Book Club နှင့် Women Club များ ပြန်လည်ဖွဲ့စည်းခြင်းကိုယမန်နေ့က ပြုလုပ်ခဲ့သည်။
တနိုင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ဖြေဆို
Apr 26,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကို  ယမန်နေ့မွန်းလွဲ ၁ နာရီက မုန်ဒိန်ရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုမြို့မကျောင်း၌ ဖြေဆိုခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ငရုတ်သီးများ ဈေးကောင်းရရှိ၍ ငရုပ်စိုက် တောင်သူများအဆင်ပြေ
Apr 26,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကျောင်းစုကျေးရွာတွင် ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရရှိသဖြင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ငရုပ်စိုက်တောင်သူများထံမှ သိရသည်။
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Does) ပဉ္စမအကြိမ်ထိုးနှံပေး
Apr 26,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံပြီးသော ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Does) ပဉ္စမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့လယ်သံဓမ္မာရုံ၌ ထိုးနှံပေးခဲ့သည်။
ဖျာပုံမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Apr 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ ဌာနအလိုက် လုံခြုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကိစ္စများနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေး စစ်ဆေးအရေးယူမှုများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က၊ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Apr 26,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 26,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အမျိုးသမီးများအသင်း (Women Club) တို့ပူးပေါင်း၍ စာရေးဆရာအောင်သင်းရေးသားသည့် လူငယ်ရဲ့ဘဝနှင့်တန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်၌ ပူတာအိုဒေသလုံးဆိုင်ရာ ရွှေဆံပင်ယဥ်ကျေးလိမ္မာလူငယ် အထူးတရားစခန်း ဓမ္မသဘင် အကြိုအထူးတရားပွဲ ကျင်းပမည်
Apr 26,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် ရွှေဆံပင်ဆရာတော်နှင့် ပူတာအို သံဃာတော်များ ဦးစီးကျင်းပမည့် ပူတာအိုဒေသလုံးဆိုင်ရာ ရွှေဆံပင်ယဥ်ကျေးလိမ္မာ လူငယ်အထူး တရားစခန်းဓမ္မသဘင် အကြိုအထူးတရားပွဲကို ကောင်းမှုလုံစေတီတော်မြတ်ကြီးဘုရားဝန်းနှင့်