နတ်မောက် ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ မြို့မစျေးသို့ လာရောက်ရောင်းချကြသည့် ဒေသထွက် စိန်တစ်လုံးသရက်များမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ စျေးကောင်းရကြောင်း စိန်တစ်လုံးသရက် ရောင်းချသူ ဒေါ်တင်မူထံမှ သိရသည်။
“ကျွန်မတို့ကတော့ မြို့မစျေးကို နေ့စဉ် ရာသီစာများကို ဝယ်ယူရောင်းချပါတယ်၊ ခုဆိုရင် ပေါ်ဦးပေါ်ဖျား စိန်တစ်လုံးသရက်သီးတွေ ရောင်းရတော့ စျေးကောင်းရတာပေါ့၊ စိန်တစ်လုံးသရက်သီးတစ်လုံးကို လက်လီအနေနဲ့ (၅၀၀)ရောင်းချရပြီး လက်ကားအနေနဲ့ (၁၀)လုံးကို (၄၀၀၀)ရောင်းရပါတယ်၊ သယ်ယူစရိတ်အနေဖြင့် သရက်သီး ၁၀၀ ဆံ့ ပီနံအိတ်၊ ခြင်းတောင်းတစ်လုံးကို ကားခ ၇၀၀ ကျပ်ပေးရသော်လည်း အခုလိုစျေးကောင်းရနေတော့ သရက်သီးရောင်းချသူများအနေဖြင့် ယခင်လများထက် တွက်ခြေကိုက်ပါတယ်”ဟု စိန်တစ်လုံးသရက်သီး လာရောက်ရောင်းချသူ မမီးမီးထံမှ သိရသည်။
နတ်မောက်မြို့နယ်တွင် အင်းကုန်း၊ စည်သာ၊ မရိုးတော၊ တွင်းကြီး၊ ဖလန်ပင်၊ န/လက်ခုပ်ပင်၊ ကြူအိုင် ကျေးရွာ စသည့် ကျေးရွာများမှ စိုက်ပျိုးကြ၍ ထွက်ရှိလာသည့် သရက်သီးများအား မြို့မစျေးသို့ တင်ပို့ရောင်းချပြီး အနီးပတ်ဝန်းကျင်ကျေးရွာသို့လည်း လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရ သည်။
မူမူစန်း