ဆင်ပေါင်ဝဲ ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် စီးပွားရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစု အပိုဝင်ငွေ ရရှိစေရန်အတွက် ငှက်ပျောပင်များကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် သဘာဝအလျာက် ပေါက်ရောက်သည့် ဒေသထွက် ငှက်ပျောမျိုး၊ မျိုးကောင်း၊ မျိုးသန့်များကို မိသားစုအပိုဝင်ငွေရရှိရေးအတွက် နေအိမ်ခြံဝင်းများအတွင်း၌လည်းကောင်း၊ ဥယျာဥ်ခြံမြေများတွင်လည်းကောင်း စိုက်ပျိုးလျက်ရှိပြီး၊ ငှက်ပျောစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာခြင်း၊ ငှက်ပျောစိုက်ပျိုးခြင်းကို မိသားစုတိုင်း စိုက်ပျိုးခြင်းဖြင့်လည်း မိသားစုအပိုဝင်ငွေရရှိခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ငှက်ပျောစိုက်ပျိုးရောင်းချသည့် ဝင်ငွေဖြင့် မိသားစု၏ စားဝတ်နေရေးတို့တွင် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ငှက်ပျော တစ်ဖီးလျှင် ငွေကျပ် (၁၅၀၀)ကျပ်ဖြင့် ရောင်းချရပြီး မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့ ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)