သတင်းများ

စဉ့်ကူးမြို့ လူထုအခြေပြုဗဟိုဌာနတွင် လျှပ်စစ်အန္တရာယ်ကာကွယ်ရေး နံရံကပ်စာစောင် ပြသ
Apr 26,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့မှစ၍ ယနေ့အထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ် ကန်တော်လျောင်းတံတားဖွင့်ပွဲသို့ တက် ရောက်ဖွင့်လှစ်
Apr 26,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကန်တော်ကျေးရွာအုပ်စု၊ ကန်တော်ကျေးရွာအနီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့အမှတ် (၅)မှ တာဝန်ယူတည်ဆောက်သည့် ကန်တော်တံတားဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်
စလင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)တွင် ကင်း‌ထောက် သင်တန်းဖွင့်လှစ်
Apr 26,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကင်းထောက်သင်တန်းကို အ.ထ.က (၁) ဆင်းသီရိခန်းမအတွင်း၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကျောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင့်လွင်က ခရိုင်/ မြို့နယ်အဆင့် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Apr 26,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ဂွေးချိုကျေးရွာ အေးစေတီဓမ္မာရုံ၌ ယနေ့မွန်းလွဲ၁နာရီအချိန်က တိုင်းဒေသကြီးနိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှု ကော်မတီနှင့်ခရိုင်/မြို့နယ်အဆင့် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင့်လွင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ စက်သုံးဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် အချိန်အတွယ်မှန်ကန်စေရေး ကြပ်မတ်စစ်ဆေး
Apr 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များ၌ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် အချိန်အတွယ် မှန်ကန်စေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်နှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းထံမှ သိရသည်။
မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း နယ်မြေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီအချိန် က နောင်လုံးကျေးရွာအုပ်စု၊ ကျိုင်း‌ခေါင်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ် ရေတိုက်ကျေးရွာတွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်များမှ ကွင်းဆင်းဆောင်ရွက်
Apr 26,2023
ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်​၊ သာယာဝတီမြို့နယ်အတွင်းရှိ ​ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများအဖွဲ့မှ ယမန်‌နေ့နံနက် ၉ နာရီက ရေတိုက်ကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ စတင်ဖြေဆို
Apr 26,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ဂိုဏ်ပေါင်းစုံကျောင်းများအားလုံးတွင် မတ်လမှ စတင်ဖွင့်လှစ်ခဲ့ရာ (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲကို ယမန်နေ့က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။