နမ့်ခမ်း ဧပြီ ၂၆
ဒေသအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဌာနဆိုင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများ လျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်က ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး လမ်းညွှန်မှာကြားချက်တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နမ့်ခမ်းမြို့နယ်၏ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေအား မှတ်တမ်းဓာတ်ပုံများနှင့် Power Point ကို ချပြဆွေးနွေးခဲ့ပြီး အဆိုပါ Power Point တွင် ပါရှိသည့် အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိ မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
ထို့နောက် နမ့်ခမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါသည် ပြန်လည်ဦးမော့လာနေသဖြင့် မိမိတို့ဌာနဆိုင်ရာများ၊ ဝန်ထမ်းမိသားစုများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အတူ နေထိုင်ကြရန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအနက် အဓိကဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)