ဇမ္ဗူသီရိ ဧပြီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေး ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက် နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများ ကြွယ်ဝစေရန်၊ ကျန်းမာပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ယခုလို ပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ စာမှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ပြုလုပ်ပေးရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)