သတင်းများ

ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံပေး
Apr 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သံဃာ တော်များ၊ ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူလူထုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  ဒုတိယ အကြိမ် ထပ်မံထိုးနှံပေးမှုများကို ဧပြီ ၁၂ ရက်နေ့တွင် ပြန်လည် စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နမ့်စန်မြို့ရှိမြို့ဦးဘုန်းတော် ကြီးကျောင်းအား ဆွမ်းဆန်တော် လှူဒါန်း
Apr 20,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၁၀)နာရီကလွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ မြို့ဦး ဘုန်းတော်ကြီးကျောင်းအား သွားရောက်ကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ လင်းခေးခရိုင်ရှိ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ
Apr 20,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၁၁)နာရီက လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် လင်းခေးခရိုင်ရှိ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံကြောင်း သိရသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ဒေသခံပြည်သူ့စစ်အဖွဲ့များနှင့် တွေ့ဆုံ
Apr 20,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး၊ အဖွဲ့ ဝင်များနှင့်တာဝန်ရှိသူတို့သည် ယနေ့နံနက်(၈)နာရီက နမ့်စန်မြို့နယ် ခိုလမ်မြို့ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူ့စစ်များနှင့် တွေ့ဆုံကြောင်းသိရသည်။
သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အုပ်ချုပ် ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ Coronavirus Disease 2019 (COMID19)ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး (၁၀/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ ယနေ့မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ (၁၀/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်းပြည်သူများအား အသိ​ပေးနှိုး​ဆော်လျက်ရှိ
Apr 20,2021
​ကျောက်တံတားမြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်​​ဆေးထိုးနှံပြီးသူများအား ဧပြီလ​နောက်ဆုံး ပတ်တွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်းမြို့နယ်စီမံအုပ်ချုပ်​ရေး အဖွဲ့က ပြည်သူများအား အသိ​ပေးနှိုး​ဆော်လျက်ရှိ​ကြောင်းသိရသည်။
ကျောက်တန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Apr 20,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။