သတင်းများ

လပွတ္တာမြို့တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လတ်တလော ထွက်ပေါ်လျက်ရှိသည့် မုန်တိုင်းသတင်းနှင့် ပက်သက်၍ ပြည်သူ များ သိသင့်သိထိုက်သည်များကို သိရှိစေရန်နှင့် ကြိုတင်ပြင်ဆင်နိုင်စေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် မုန်တိုင်းဘေးပညာပေး စာစောင်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများတွင် ယမန်နေ့ နံနက် ၈ နာရီက ဖြန့်ဝေပေးခဲ့ကြသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း မိတ္ထီလာတွင် (၁/၂ဝ၂၃) ကာလတိုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
May 10,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)၏ (၁/၂ဝ၂၃ ) ကာလတိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ် အချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
ကျောက်ဖြူခရိုင် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ပြုလုပ်
May 10,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူလူထုများထံသို့ အချိန်နှင့်တစ်ပြေးညီ ကြိုတင်အသိပေးဆောင်ရွက်နိုင်ရန်အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပ
May 10,2023
လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃)ကို ယမန်နေ့ နံနက် (၁၀)နာရီက လပွတ္တာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ကေ့ာကရိတ်မြို့နယ်တွင် MOCHA Cyclone မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများဆောင်ရွက်
May 10,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် MOCHA Cyclone မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေး ပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈) နာရီက မြို့နယ်ခန်းမရှေ့တွင်  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်
May 10,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီး မေ(၉)ရက်နေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်း ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်  ဒေသထွက် သဘာဝပျားရည်များ ဈေးနှုန်းအနည်းငယ် ကျဆင်း
May 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝ ပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချသည့်အတွက် သံတောင်ကြီးဒေသထွက် ပျားရည်များ ဈေးကောင်းရရှိသော်လည်း ယခုနှစ် မေလဒုတိယပတ်တွင် ဒေသခံပြည်သူများမှာ ပျားဖွတ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပြီး ပျားရည်များ ရောင်းချလျက်ရှိရာ   ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။