သတင်းများ

ပန်းတောင်းမြို့နယ်၌ (၁၀၁)နှစ်မြောက်သမဝါယမနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများသို့ ထောက်ပံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နေခြည်လင်းရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်မှ (၁၀၁)နှစ်မြောက်သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများသို့ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)အချိန်က သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဝန်ထမ်းများအား e-ID စနစ်ဖြင့် ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်များ ကွင်းဆင်းကောက်ယူ
Jun 30,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးက e-ID စနစ် အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်း လုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် လက်ပနွယ်ကျေးရွာအခြေခံ ပညာအလယ် တန်းကျောင်းတို့တွင် ကွင်းဆင်းကောက်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် ရဲမှုထမ်းဟောင်းများအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်
Jun 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် ရဲမှုထမ်းဟောင်းများအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရွှေတောင်မြို့နယ်၌ လူငယ်‌ရေးရာ အသိပညာပေး ဟောပြောခြင်းများနှင့် အာဟာရဖွံ့ဖြိုးတိုးတက်စေရန် နွားနို့တိုက်ကျွေးခြင်းများဆောင်ရွက်
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.မ.က(ကူကြီး)ကျောင်းတွင် ကျောင်းသား / ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟော‌ပြောခြင်းနှင့် အာဟာရ ဖွံ့ဖြိုးတိုးတက်‌စေရန် နွားနို့တိုက်‌ကျွေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကမ္ဘာ့ဘဏ်(World Bank)၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာပါ တွေ့ရှိချက်များ ဆွေးနွေးပွဲကျင်းပ
Jun 30,2023
ကမ္ဘာ့ဘဏ် (World Bank) သည် နှစ်စဉ်မြန်မာ့စီးပွားရေး အခြေအနေကို စောင့်ကြည့်လေ့လာသုံးသပ်၍ တွေ့ရှိချက်များကို ခြောက်လတစ်ကြိမ် ခြုံငုံ၍ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင် ခံစာကို ပြုစုထုတ်ပြန်လျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွက် ဒုတိယအကြိမ်အစီရင်ခံစာဖြစ်သည့် “World Bank Myanmar Economic Monitor” ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကုန်သည် စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
Jun 30,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ရွာမွန်ကျေးရွာနှင့် ကြက်လျှာကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ မြေပဲစိုက်တောင်သူများ ဈေးကောင်းရရှိရန်မျှော်လင့်
Jun 30,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေး အဖြစ် လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသောသီးနှံများကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြရာ ယခုနှစ်မိုးဦး ကာလတွင် စိုက်ပျိုးထားသည့် မြေပဲစိုက်တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်းသိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး”အသိပညာပေး  Talk Show ကျင်းပ
Jun 30,2023
အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ “အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။