ကျောင်းကုန်းမြို့၌ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူလျက်ရှိ

ကျောင်းကုန်း ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (Biometric Data) ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်း လုပ်ငန်းကို ယနေ့တွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းများကို လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောင်းကုန်း မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်နှင့် ဝန်ထမ်းများက သမဝါယမ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်များအား ကောက်ယူလျက်ရှိသည်။

ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်များ သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောင်းကုန်းမြို့နယ်ရုံးတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု (၁၇၀)ဦးတို့၏ အချက်အလက်များ ကောက်ယူဆောင်ရွက်နိုင်ခဲ့ပြီး၊ ကျန်ရှိနေသောဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ အချက်အလက်များကို ဆက်လက်ကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)