သတင်းများ

သံတောင်ကြီးမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်တွေ့ဆုံပွဲပြုလုပ်
May 10,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ် ၂၀၂၃-၂၀၂၄  ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဉက္ကဋ္ဌ ဦးညီညီအောင်မှအခြေခံပညာကျောင်းများရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်နှင့် အုပ်စုမှူးတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က သံတောင်ကြီးမြို့ အ.ထ.က ကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 10,2023
မန္တလေးတိုင်းဒေသကြီး၊  စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နဲ့တစ်ပြေးညီဆောင်ရွက်နိုင်ရန် မေလ ၇ ရက်နေ့မှစ၍ ယနေ့အထိအသင့်စုဖွဲ့လျက် မပြတ်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မုန်တိုင်းအန္တရာယ်ကို မိဘပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မုန်တိုင်းအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများအား စာအုပ်၊စာစောင်များ (အခမဲ့) ငှားရမ်းပေး
May 10,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့်  မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား ( အခမဲ့) ငှားရမ်းပေးခဲ့သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၀) ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ
May 10,2023
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရား ထက်သန်စွာလှူဒါန်းထားကြသော ကျပ်တစ်သိန်နှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က (၅၈၀) ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပခဲ့သည်။
ကျောက်တော်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်
May 10,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့‌သည်။
မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက်ရေးဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား တပ်စုတစ်စုစာကို ရွှေပြည်သာမြို့နယ်၌စုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများထားမှုအား မြို့နယ်တာဝန်ရှိသူများမှကြည့်ရှုစစ်ဆေး
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းများဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်သန္ဓနှင့် အရန်မီးသတ်အင်အားတပ်စုတစ်စုစာကို ရွှေပြည်သာမြို့နယ်တွင် အသင့်စုဖွဲ့ထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ချက်ချင်းထွက်ခွာနိုင်အောင်လည်းပြင်ဆင်ဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးဦးသွင်ယုနိုင်ထံမှ သိရသည်။