သတင်းများ

မိုင်းခတ်၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
May 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
May 10,2023
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ရှိဘင်္ဂလားပင်လယ်အော်အခြေအနေနှင့်ပတ်သက်၍ အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဖြစ်နိုင်ခြေရှိ၍ မုန်တိုင်းကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နေ့လယ် ၁ နာရီက ပင်လယ်ဆိပ်ကမ်းကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။
ဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သဘာဝဘေးစီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
လွိုင်လင်ခရိုင် (Community Centre) ခန်းမတွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Book Club) နှင့် (Youth Club) အသင်းဝင်များ ပူးပေါင်း၍ ယနေ့မွန်းလွဲ ၂ နာရီအချိန်က (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် Introduction to Database System သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ဆုချီးမြှင့်
May 10,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို မေ ၅ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
ဒိုက်ဦးမြို့နယ်၊ သံတံတားရပ်ကွက်၊ ဇမ္ဗူရတနာကျောင်းတိုက်၌ မင်္ဂလာတရားတော်သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲနှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သံတံတားရပ်ကွက်၊ ဇမ္ဗူရတနာကျောင်းတိုက်၌ ယမန်နေ့နံနက်ပိုင်းက မင်္ဂလာတရားတော်သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲနှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပခဲ့‌ကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်၌ သောက်/သုံးရေ ရှားပါးလျက်ရှိသော ဒုံးသိမ်ကျေးရွာသို့ ရေဂါလံ (၁၆၀၀)ခန့် လှူဒါန်း
May 10,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမနေ့ညနေပိုင်းအချိန်က သောက်/သုံးရေ ပြတ်လပ်လျက်ရှိသော ဘူးသီးတောင်မြို့နယ ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်းကျေးရွာသို့ ရေဂါလံ(၁၆၀၀)ခန့် လှူဒါန်းခဲ့ကြသည်။
မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြားပုံစံအသစ်များ ပြောင်းလဲတပ်ဆင်ပြီးစီးခြင်းမရှိသည့် မော်တော်ယာဉ်များအား လွိုင်လင်မြို့တွင် စစ်ဆေးအရေးယူခြင်း ဆောင်ရွက်
May 10,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ‌မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြားပုံစံအသစ်များ ပြောင်းလဲတပ်ဆင်ပြီးစီးခြင်းမရှိသည့် မော်တော်ယာဉ်များအား လွိုင်လင်မြို့အဝင် တိုးဂိတ်တွင် မေ (၈) ရက်နေ့ မွန်းလွဲ ၄ နာရီ အချိန်ကစစ်ဆေးအရေးယူခြင်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲစုမှုး ဒုရဲမှုးကျော်ဇေယျနှင့် အဖွဲ့ဝင်များ ၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများတို့ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။