ကျောက်ကြီးမြို့နယ်၌ ဝါးခမောက်များ ရောင်းအားကောင်းနေ

ကျောက်ကြီး ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌  အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်သော ဝါးခမောက်များ ရောင်းအားကောင်းနေပြီး ဈေးကောင်းရရှိကာ ဝါးခမောက်ပြုလုပ်ရာ၌ အဓိကအသုံးပြုရသော   ကုန်ကြမ်းပစ္စည်းတစ်ချို့ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

မိုးရာသီဖြစ်၍ အကြမ်းဆောင်းဝါးခမောက်များနှင့် အလှဆောင်းဝါးခမောက်များအား အနီးပတ်ဝန်းကျင်ရှိမြို့နယ်များသို့ တင်ပို့ရောင်းချခြင်း၊ ဒေသအတွင်းဝယ်လိုအားကောင်းခြင်းများကြောင့် ဝါးခမောက်ချုပ်လုပ်သူများ အိမ်တွင်းစီးပွားရေးတစ်ရပ်အနေဖြင့် လုပ်ကိုင်လျက်ရှိပြီး ဒေသအတွင်းစားသောက်ကုန်များစျေးမြင့်မှုများကြောင့် ဝါးခမောက်ချုပ်လုပ်ကိုင်သူများ ယခင်ထက်ပိုမိုကြိုးစားချုပ်လုပ်ရကြောင်းနှင့် နယ်မြေအခြေအနေအရ ဝါးခမောက်ချုပ်လုပ်မှုကုန်ကြမ်းပစ္စည်းရရှိမှု အခက်အခဲရှိကြောင်း၊ ယခုကာလတွင် ဝါးခမောက်အား ကျောက်ကြီးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများသာ လုပ်ကိုင်နိုင်ကြောင်း ဝါးခမောက်ချုပ်လုပ်သူများပြောကြားချက်အရ သိရသည်။

အဆိုပါ ဝါးခမောက်ချုပ်လုပ်သားတစ်ဦးလျှင် တစ်ရက်ပုံမှန်ဝင်ငွေ(၆ဝဝဝ)ကျပ်ခန့်ရရှိပြီး ယခုကဲ့သို့ အကြမ်းဆောင်းနှင့်အလှဆောင်းဝါးခမောက်များ ရောင်းအားကောင်းသော ကာလများတွင် ၎င်းတို့၏ မိသားစုများ စားဝတ်နေရေး အဆင်ပြေမှုရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်