သတင်းများ

သာယာဝတီမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလားပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုများနှင့် အမြန်ဆုံးတုံ့ပြန်ကူညီနိုင်ရေး လုပ်ငန်းအဆင့်ဆင့် ဇာတ်တိုက်လေ့ကျင့်နေမှုများကို တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားရှိမှု ကွင်းဆင်းစစ်ဆေး
May 10,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့ ပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား MOCHA မုန်တိုင်းဘေးအန္တရာယ်မှ  ကြိုတင်ပြင်ဆင်ထားရှိနိုင်ရန်အတွက် အသိပေးကြေညာခြင်းဆောင်ရွက်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ MOCHA မုန်တိုင်းဘေးအန္တရာယ်မှ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရန်အတွက် အသိပေးကြေညာခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်း ပြုလုပ်
May 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာဖတ် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ မုန်တိုင်းသတိပေးချက်များအား အသိပေး နှိုးဆော်
May 10,2023
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညက မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အန္တရာယ်ရှိသစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အန္တရာယ်ရှိသစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဖျာပုံခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးတပ်စု အရန်သင့်စုဖွဲ့ထားရှိ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်း မုန်တိုင်းဘေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သွားရောက် ကူညီကယ်ဆယ်နိုင်ရေးအတွက် ဖျာပုံခရိုင်မီးသတ်ဦးစီးဌာန၊ (ဖျာပုံ/ဘိုကလေး/ကျိုက်လတ်/ဒေးဒရဲ)မြို့နယ် မီးသတ်ဦးစီးဌာနများတွင် ရှာဖွေကယ်ဆယ်တပ်ဖွဲ့ဝင် (၃၅)ဦး အရန်သင့်စုဖွဲ့ထားရှိပြီး တပ်ဖွဲ့ဝင်များအတွက် (၇)ရက်စာ စာရိက္ခာဖျာပုံခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးများတွင် စုစည်းထားရှိကာ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ
May 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်အားယနေ့နံနက်(၈)နာရီအချိန်က သံတောင်ကြီးမြို့ပေါ်ရှိ  လမ်းဆုံ၊ လမ်းကွများ လူအသွားအလာများသည့် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။