ဒဂုံအရှေ့ ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရှိဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) စားပွဲတင်တင်းနစ်ပြိုင်ပွဲဖိုင်နယ်ပွဲစဥ်များနှင့် ပြိုင်ပွဲဆုရရှိသူများဆုပေးပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်အားကစားရုံတွင် ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက်စားပွဲတင်တင်းနစ်ပြိုင်ပွဲယှဥ်ပြိုင်ရာတွင် ဆုရရှိကြသောဘာသာရပ်ပေါင်းစုံမှ(အမျိုးသား/အမျိုးသမီး)ကျောင်းသား၊ ကျောင်းသူများကို ဆုပေးအပ်ချီးမြှင့်ပေးရာတွင် ဒဂုံတက္ကသိုလ်မှပါမောက္ခချုပ်ဒေါက်တာသာထွန်းမောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ/ဌာနမှူးနှင့်ပါမောက္ခများ၊ သင်တန်းရေးရာဌာနမှူးများက တက်ရောက်ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ(အမျိုးသား/အမျိုးသမီး)စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဇွန်လ ၂၆ ရက်နေ့မှစတင်ကာ ၂၈ ရက်အထိ Mix Double ပြိုင်ပွဲနှင့်အသင်းလိုက်ပြိုင်ပွဲများနှင့် Single ကျား/မပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)