သာပေါင်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာလက်ကမ်းစာစောင်များကို ယနေ့ မေလ ၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံ၊ လမ်းမများနှင့် သီရိရွှေသာဈေး အတွင်း၊ အပြင် နေရာတို့မှ နေ၍ ဖြန့်ဝေပေးခဲ့ကြသည်။