သတင်းများ

ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ တစ်သိန်း ငါးမျိုး စိုက်ထည့်ပွဲ ကျင်းပ
Jun 30,2023
အမရပူရခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဧရာဝတီမြစ်အတွင်း ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်၊ ရွှေကြက်ကျဘုရားအနီး ဧရာဝတီမြစ်ဆိပ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပေါင်းစုံဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပူဇော်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ​​တောင်ပိုင်းဇုန်၏ ဓမ္မာစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမာန်၌ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဟင်္သာတခရိုင်၌ပြုလုပ်သည့် ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ ဝါးခမောက်များ ရောင်းအားကောင်းနေ
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌  အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်သော ဝါးခမောက်များ ရောင်းအားကောင်းနေပြီး ဈေးကောင်းရရှိကာ ဝါးခမောက်ပြုလုပ်ရာ၌ အဓိကအသုံးပြုရသော   ကုန်ကြမ်းပစ္စည်းတစ်ချို့ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့်ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့နံနက်(၁၀)နာရီ၌ မြို့နယ်လူ၀င်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
မအီမြို့ အ- ထ- က(ခွဲ) ဂျီဖြူတောင်တွင် သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် သောက်ရေသန့်များအား ဒေသခံပြည်သူများက ဖြည့်စွက်လှူဒါန်း
Jun 30,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)တွင် သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရန် သောက်ရေသန့်များကို ဒေသခံပြည်သူ စေတနာရှင်များက ဖြည့်စွက်လှူဒါန်းလျက်ရှိကြောင်း အဆိုပါ အ- ထ- က(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းမှ သိရသည်။
ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပဆွေးနွေး
Jun 30,2023
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် "ပျော်ရွှင်ခြင်း" စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲကျင်းပ
Jun 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် က‌‌လေးငယ်များ ကျောင်းပိတ်ရက်တွင် ပျော်ရွှင်စေရန် စကားပုံဆက်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။