ကျောက်တန်း ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တောင်ပိုင်းဇုန်၏ ဓမ္မာစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမာန်၌ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဆက်လက်၍ ဆုရရှိသောမြို့နယ်များအား အကဲဖြတ်အမှတ်ပေးဆရာတော်မှ ကြေငြာ၍ ဆုပေးအပ်ပွဲကျင်းပခဲ့ရာ ပထမဆုကျောက်တန်းမြို့နယ်၊ ဒုတိယဆုကွမ်းခြံကုန်းမြို့နယ်၊ တတိယဆုတွံတေးမြို့နယ်၊ နှစ်သိမ့်ဆုသုံးခွမြို့နယ်အသင်းများအား ခရိုင်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌဒေါ်မေလဲ့ဝါသွေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်တန်း(ပြန်/ဆက်)