သတင်းများ

ရွှေပြည်သာမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေး
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အသံချဲ့စက်မီးသတ်ယာဥ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းခရိုင်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်တွင် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် ရှာ​ဖွေကယ်ဆယ်​ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား တာ၀န်ရှိသူများကြည့်ရှုစစ်ဆေး
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အ​ရေး​ပေါ်ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အသင့်ကြိုတင် ပြင်ဆင်ထားမှုနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်နေမှုများအား အုတ်တွင်းတပ်နယ်မှ တပ်နယ်မှူးကိုယ်စားဒုတိယဗိုလ်မှူးကြီးသူရိန်သန်းမြင့်က ယနေ့မွန်းလွဲပိုင်းကတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
တံတားဦးမြို့ ဂျီအီးစီ(ပညာရေး) သပဝါယမအသင်းလီမိတက်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
May 10,2023
တံတားဦးခရိုင် ၊ တံတားဦးမြို့နယ် ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။
လိပ်သိုမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းဆောင်ရွက်
May 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ တာဝန် ရှိသူများက လှည့်လည်အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ရှာ​ဖွေကယ်ဆယ်​ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား ရေတာရှည်တပ်နယ်မှူး စစ်ဆေးကြည့်ရှု
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အ​ရေး​ပေါ်ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်ထားမှုအား ရေတာရှည်တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းလှိုင်ဝင်းက ယမန်နေ့ နေ့လယ်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဗိုလ်တထောင်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များအား ပြည်သူများထံအရောက်ဖြန့်ဝေ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်(၄၁)လမ်းရှိ ပျံကျစျေးတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ လက်ကမ်းစာစောင်များကို ပြည်သူများထံအရောက်ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
May 10,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက  ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။