သတင်းများ

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ (၇၇) ကြိမ်မြောက် စာဖတ်ဝိုင်း ကျင်းပ
Jul 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝါသနာတူသူများစုစည်း၍ Book Club ၊ Women Club ၊ Youth Club များဖွဲ့စည်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Book Club) ၏ ( ၇၇ ) ကြိမ်မြောက် စာဖတ်ဝိုင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးတွင် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲ ကျင်းပ
Jul 09,2023
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပညာ ရေးမှူးရုံးမှကြီးမှူး၍ ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများအား ယနေ့နံနက်ပိုင်းက အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။
ကော့သောင်းမြို့တွင် ရွှေခရုကာကွယ်နှိမ်နင်းခြင်းဆိုင်ရာကွင်းသရုပ်ပြပွဲကျင်းပ
Jul 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးသီးနှံကာကွယ်ရေးဌာနခွဲမှ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာ၌ ရွှေခရု ဘက်စုံကာကွယ် နှိမ်နင်းခြင်းဆိုင်ရာ ကွင်းသရုပ်ပြပွဲကို ယအမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သရုပ်ပြပွဲသို့ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ တိုင်းဒေသကြီး မြေအသုံးချရေးဌာနခွဲ တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းစိုး၊ တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံဦးစီးအရာရှိ ဦးမြမောင်၊ ကော့သောင်းခရိုင် ဦးစီးမှူးနှင့် ခရိုင်SMSများ၊ ကော့သောင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများနှင့် ချောင်းဝကျေးရွာနှင့် (၈)မိုင်ကျေးရွာမှ တောင်သူ (၂၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ကရင်​​ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသနှင့်ကိုက်ညီသော လယ်ယာသုံးစက်ကိရိယာများ ခင်းကျင်းပြသရောင်းချခြင်း၊ ကွင်းအတွင်းလက်တွေ့သရုပ်ပြခြင်းနှင့် တောင်သူများအား မျိုးစေ့နှင့် မြေဩဇာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတက်ရောက်
Jul 09,2023
ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၉) စုမှ ဒေသခံတောင်သူများသည် ယမန်နေ့နံနက် (၈)နာရီတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် (၁၁၈၄)၊ ထောင်ဝိကွင်း တောင်သူဦးတင်လှ၏ လယ်မြေတွင် ကျင်းပပြုလုပ်သည့် ဒေသနှင့်ကိုက်ညီသည့် လယ်ယာသုံးစက်ကိရိယာများ ခင်းကျင်းပြသရောင်းချခြင်း၊ ကွင်းအတွင်းလက်တွေ့ သရုပ်ပြခြင်းနှင့် တောင်သူများအား မျိုးစေ့နှင့် မြေဩဇာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက   စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာမြင့်ကျော်၏ "ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ  အချက်အလက် (Biometric Data)   ကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်
Jul 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  (Biometric Data)အချက်အလက်စာရင်း   ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSSရုံးခန်းတွင်ယမန်နေ့က ဆက်လက်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တွဲကားယာဥ် မောင်းနှင်းသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ယာဥ်အန္တရာယ်၊ဘေးအန္တရာယ် ကင်းဝေးစေရေး ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၇၇) ရပ်ကွက်အတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။