နောင်ချိုမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ  အချက်အလက် (Biometric Data)   ကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်

နောင်ချို ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  (Biometric Data)အချက်အလက်စာရင်း   ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSSရုံးခန်းတွင်ယမန်နေ့က ဆက်လက်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (Biometric Data) အချက် အလက်စာရင်း   ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို ဇူလိုင်လ ၃ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့တွင် ကောက်ယူရန် ကျန်ရှိနေသည့်  ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ယူဆောင်လာစေပြီး (Biometric) ဆိုင်ရာ  အချက်အလက်များ စာရင်းကောက်ယူပြီး  (Database)တွင် သိမ်းဆည်းကာ  ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းအပြီး ထုတ်ပေး လျက်ရှိကြောင်းသိရသည်။  

အဆိုပါ စာရင်းကောက်ယူရာသို့ ကျောက်မဲခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်နှင့် တာဝန်ရှိသူများနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းနှင့် တာဝန်ရှိသူများက   ကြည့်ရှုစစ် ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့အထိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း(၃၄၁)ဦး ထည့်သွင်းပြီး ဖြစ်၍ ကျန်ရှိနေသူများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှသိရသည်။         

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)