သတင်းများ

ပခုက္ကူမြို့၌ အသက်၂ လမှ ၁၈ လအအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း တစ်ထောင့်သုံးရာကျော်တို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီး
Jul 08,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်း တစ်ထောင်သုံးရာကျော်တို့အား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ပြန်မောင်သီဟထက်အောင်နှင့် မသင်းရွှေရည်ထက်တို့အား ဂုဏ်ပြုပွဲနှင့်အတွေ့အကြုံများ ရှင်းလင်းပွဲအခမ်းအနား
Jul 07,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဂျပန်နိုင်ငံပြန်မောင်သီဟထက်အောင်နှင့် မသင်းရွှေရည်ထက်တို့အား ဂုဏ်ပြုပွဲနှင့်အတွေ့အကြုံများ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
ဖလမ်းမြို့၌ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန် ချယ်ရီပျိုးပင် (၁၆၅၄)ပေးအပ်
Jul 07,2023
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ချယ်ရီပင်များ ရှင်သန်ပေါက်ရောက်ပြီး လှပစွာဖွင့်ဖူးစေရန် အတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန် ချယ်ရီပျိုးပင်များ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၇ ရက်၊ နံနက် ၁၁ နာရီခွဲ အချိန်က ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ၌ ကျင်းပရာ ဖလမ်းခရိုင် စီအံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များတက်ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းလွတ်မြို့တွင် ယခုနှစ် ရွှေ့ပြောင်းတောင်ယာစပါး လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးပြီးစီး
Jul 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် တောင်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် မိုးစပါး ရွှေ့ပြောင်း တောင်ယာကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးထားကြောင်း သိရသည်။
ပန်လုံမြို့၌ မိုးစပါး မှော်ဘီကောက်ညှင်းမွှေး(FS – RS)မျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးခြင်းဆောင်ရွက်
Jul 07,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်၌ တောင်သူ ဦးဟိုကျင်း၏ လယ်(၁)ဧကတွင် မှော်ဘီကောက်ညှင်းမွှေး (FS – RS) မျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်ခန့်က စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်တွေ့ကွင်းဆင်းသရုပ်ပြ၍ ဆောင်ရွက်ခဲ့ကြသည်။
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက်ကုန်လုပ်ငန်းများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jul 07,2023
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)  လုပ်ငန်းများအား တိုးတက်စေရေး အားပေး၍ ပြည်တွင်းလိုအပ်ချက်များကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစားအကောင်အထည်ဖော်ရန် အားပေးမြှင့်တင်လျက်ရှိသကဲ့သို့  မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်း (MSME)များအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်လုပ်ငန်းများ တိုးမြှင့်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးကလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ဇော်အေး၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းကြည့်ရှု
Jul 07,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ နယ် ကျောက်တလုံးကြီးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မြောက်ဦးရွှေမင်းသမီး မွေးမြူရေးခြံရှိ နို့စားနွား၊ ဥစားကြက်နှင့် ဆိတ်များမွေးမြူထားရှိမှုကို ကြည့်ရှု
Jul 07,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီအချိန် တွင်