ဒဂုံဆိမ်ကမ်း သြဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ယာဥ်အန္တရာယ်၊ ဘေးအန္တရာယ် ကင်းဝေးစေရေး ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၇၇) ရပ်ကွက်အတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ် (၂၇) ယာဥ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူးဒုတိယရဲမှူး မျိုးသန့်က တွဲကားယာဥ်များ မောင်းနှင်းသူများအား အပြည်ပြည်ဆိုင်ရာ ယာဥ်ထိန်းသိမ်းခြင်း နည်းစနစ်(၅)မျိုး၊ ယာဥ်တိုက်မှုအမျိုးအစားများ၊ ရာဇသတ်ကြီး ဥပဒေပါပြစ်ဒဏ်များ၊ မော်တော်ယာဥ် ဥပဒေနှင့်စီမံခန့်ခွဲရေး နည်းဥပဒေပါပြဌာန်းချက်များ၊ နောက်တွဲယာဥ် ချိတ်ဆွဲခြင်းနှင့်ပတ်သက်၍ စည်းကမ်းချက်များ၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုလိုက်နာရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယာဥ်မာင်းသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲသို့ တွဲကောင်းယာဥ်မောင်းနှံသူ စုစုပေါင်းအင်အား (၅၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ