မုံရွာ၊ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝါသနာတူသူများစုစည်း၍ Book Club ၊ Women Club ၊ Youth Club များဖွဲ့စည်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Book Club) ၏ ( ၇၇ ) ကြိမ်မြောက် စာဖတ်ဝိုင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ မောင်စိန်လွင် (မင်းကင်း) က စာဖတ်ရှိန်မြင့်မားရေး၊ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် စာရေးဆရာ ရွှေဘိုမြင့်အောင်ရေးသားသော ရွှေဘိုသွေးစာပေအနုပညာမဂ္ဂဇင်း အမှတ်(၃)တွင် ပါဝင်သော ရေကြည်တော်ပုံရိပ်ရဲ့ လွမ်းစရာအတိတ် ဝတ္ထုရှည်ပါ အကြောင်းအရာများကို စာရေးသူကိုယ်တိုင်က ဦးဆောင်ဆွေးနွေးပြီးနောက် တက်ရောက်လာကြသော မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ( Book Club ) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက အစီအစဉ်အလိုက်ဆွေးနွေးခဲ့ကြပြီးနောက် မုံရွာမြို့နယ် စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း ဒုတိယဥက္ကဋ္ဌ စာရေးဆရာ မောင်စိန်လွင် (မင်းကင်း)က နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာခရိုင်ရုံးအနေဖြင့် နှစ်ပတ်လျှင်တစ်ကြိမ် စနေနေ့တိုင်း စာဖတ်ဝိုင်းအခမ်းအနားများကျင်းပပြုလုပ်လျက်ရှိပြီး ပြည်သူများ၊ ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများရရှိစေရန် ဟောပြောပွဲများဆောင်ရွက်ခြင်း၊ စာအုပ်များအခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပပေးခြင်းနှင့် အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)