ကျောက်မြောင်းမြို့တွင် စဥ့်ဖြင့်ပြုလုပ်ထားသည့် အိမ်အလှဆင်ပစ္စည်းများရောင်းဝယ်မှု အဆင်ပြေ
Jul 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် စဥ့်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ စဥ့်ဖြင့်ပြုလုပ်ထားသည့် အိမ်အလှဆင်ပစ္စည်းရောင်းဝယ်မှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။ အိမ်အလှဆင်ပစ္စည်းများမှာ ပန်းအိုးအမျိုးမျိုးနှင့် အိမ်တွင်းအလှဆင် ရုပ်ပုံအမျိုးမျိုး ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။ စဥ့်အလှဆင်ပစ္စည်းများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကထား တင်ပို့ရောင်းချလျက်ရှိရာ မြန်မာနိုင်ငံအနှံ့အပြားတွင်လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။