သတင်းများ

ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်
Jul 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင် (Book club)၊ (Woman club)၊ (Youth Club) အသင်းများ စု‌ပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယမန်နေ့နေ့လယ် (၁:၀၀) နာရီက  ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်အားပေး
Jul 10,2023
မကွေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရေနံချောင်းတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရေနံချောင်းတက္ကသိုလ်၊ ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန့်ဟီးရိုးမြို့တွင် ၂၀၂၃ခုနှစ် မိုးစပါး လျာထားစိုက်ဧက (၂၅၀၇)ဧက စိုက်ပျိုးပြီးစီး
Jul 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ၂၀၂၃ ခုနှစ် မိုးစပါး လျာထားစိုက်ဧက (၂၅၀၇)ဧကအား စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် လျာထားစိုက်ဧကထက် ပြည့်မှီကျော်လွန်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပင်းတယ၌ စိန်တလုံးသရက်သီးများ စတင်ခူးဆွတ် ရောင်းချ
Jul 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက စီးပွားရေးအဖြစ် စိုက်ပျိုးရောင်းချကြရာ ယခုအခါတွင် စိန်တလုံးသရက်သီးများ ရင့်မှည့်လာပြီဖြစ်၍ စတင်ခူးဆွတ် ရောင်းချနေကြပြီဖြစ်သည်။
နတ်မောက်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 10,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်သို့တက်ရောက်
Jul 10,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဇူလိုင် ၈ ရက်က ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်း စံပြတမာစိုက်ခင်းတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကျင်းပသည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Jul 10,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအမှတ် (၃၉)၌ ဆောင်ရွက်ခဲ့ပါသည်။
ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 10,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က အဆိုပါ တက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံခန်းမတွင် ကျင်းပသည်။