သတင်းများ

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး(Talk Show)ကျင်းပ
Jul 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများမိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက  အဆိုပါရုံးရှိလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး(Talk Show)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၉) ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
Jul 08,2023
ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း(၉)ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
ကေ့ာကရိတ်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
Jul 08,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၁း၀၀)နာရီချိန်က ဒေါနခန်းမ၌ မြို့ပေါ်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး
Jul 08,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေးထုတ်လုပ်ရောင်းဝယ်သူများ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ကို ယနေ့နံနက်(၆)နာရီခွဲက အမှတ်(၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှံးရှေ့မြေကွက်လပ်၌ သက်သာသောဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးရာ ဈေးရောင်းဈေးဝယ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်း (ဒုတိယ)ပတ် ဆက်လက်သင်ကြားပေး
Jul 08,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ရိုးသစ်ဖြင့် သင်ကြား သင်ယူလုပ်ငန်းများဆောင်ရွက်မည့် Grade-9 နှင့် Grade-12 ကျောင်းသား/သူများအတွက်၊ ထိရောက်သော သင်ယူမှုများ စဥ်ဆက်မပြတ်ရရှိစေရန်နှင့် Grade-9 နှင့် Grade-12 တန်းပြ ဆရာ/မများ၏ ဘာသာရပ်အလိုက်သင်ကြားမှု အရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန်
ကန့်ဘလူမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade- 9 နှင့် Grade- 12 သင်တန်းဖွင့်ပွဲကျင်းပ
Jul 08,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade- 9နှင့် Grade- 12 သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီကကျင်းပကြောင်း သိရသည်။
ကံမမြို့နယ် သရက်‌တောကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jul 08,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ် (၁) နာရီက ကံမမြို့နယ် အုတ်ရှစ်ချို ကျေးရွာအုပ်စု သရက်တောကျေးရွာ စာသင်ကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြို့၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲကျင်းပ
Jul 08,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၃) ထွန်စက်စခန်း(ဟိုပင်)နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရွာသစ်ကုန်းကျေးရွာအုပ်စု တောင်သူဦးသန်းထွန်း၏ လယ်မြေတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။