စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိုနှိုင်းအစည်းအဝေး ကျင်းပ

စဉ့်ကိုင် ဇူလိုင် ၉

၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေး လုင်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲများ၊  အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲများ ကျင်းပသွားမည့် အစီအစဉ်အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဦးသန်းအောင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း

နာယကမှ ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ ကျောင်းစာအပြင် စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေများမှ အသိပညာဗဟုသုတများ ရရှိစေရန်   ရည်ရွယ်ပြီး ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် ကလေးငယ်များအား ပြိုင်ပွဲ၀င်လိုစိတ်ရှိလာအောင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများအပြင် ပြိုင်ပွဲ၀င်ဆုများပါ ချီးမြှင့်ပေးစေလိုကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍    ဦးသန်းဝင်း၊ ပညာရေးဌာနက ပြိုင်ပွဲများတွင် ပြိုင်ပွဲ၀င်ဦးရေ သတ်မှတ်ပြီး အကဲဖြတ် အမှတ်ပေးဒိုင်များ ရွေးချယ်ရေးများကို တင်ပြဆွေးနွေးခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှ အဖွဲ့၀င်များဖြစ်သော အတွင်းရေးမှူး ဦးအေးကို၊ ဦး၀င်းဦး၊ ဦးတိုက်ကြည် တက်ရောက်လာသော စာပေချစ်သူများအဖွဲ့ကလည်း ဆုများ ပေးအပ်ချီးမြှင့်နိုင်ရေး၊ ကျောင်းများသို့  ဖိတ်ကြားရေး စသည့်ကိစ္စရပ်များကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)