သတင်းများ

လူထုအခြေပြုဗဟိုဌာန(ပန်းတနော်)၌ အိမ်တွင်းလက်မှု လုပ်ငန်းသင်တန်း ဖွင့်လှစ်
Jul 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် လူငယ်လူရွယ်များလက်မှုအတက်ပညာများ တက်မြှောက်စေရန်ရည်ရွယ်၍ ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (၅၂၈)ပရဟိတအဖွဲ့တို့ပူးပေါင်းပြီး အိမ်တွင်းလက်မှုလုပ်ငန်းသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အုံရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကျင်းပ
Jul 08,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို အ.ထ.က(၁)ကျောင်း သဇင်ဆောင်တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဘုတ်ပြင်းမြို့၌ အမကကျောင်များတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညားပေး ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Jul 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအသိပညားပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ စောင်ပြသခြင်းကို ယမန်နေ့ နံနက်က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု  ကရိုင်တိုင်ကျေးရွာ အခြေခံ ပညာမူလတန်း ကျောင်း(၃၅၈)တွင် ဆောင်ရွက်ခဲ့ကျောင်းသိရသည်။
မြိတ်မြို့တွင် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်းဆင်းပြီး သင်တန်းသားများ အအေးခန်းစက်ရုံ လက်တွေ့ သင်ကြားလေ့လာ
Jul 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ခရိုင်ငါးလုပ်ငန်းအဖွဲ့ ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သော အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်း (၁/၂၀၂၃) ကို ယမန်နေ့က သင်တန်းဆင်းပြီး သင်တန်းနည်းပြများနှင့် သင်တန်းသားများ အအေးခန်းစက်ရုံသို့ လက်တွေ့သင်ကြားလေ့လာခဲ့ကြသည်။
ဘုတ်ပြင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jul 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကျင်းပ
Jul 08,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြု ဘာသာရပ်ပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ဇူလိုင်လ ၇ ရက် ညနေ ၃ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံခန်းမတွင် ကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Jul 08,2023
မွန်ပြည်နယ်အတွင်း ကျောင်းသား၊ ​ကျောင်းသူများ စိတ်​အေးချမ်း​မြေ့စွာပညာသင်ကြားနိုင်​ရေးအတွက် ကျောင်းပရဝုဏ်များ ​စိမ်းလန်းစို​​ပြေ​စေရေးနှင့် သန့်ရှင်းသာယာလှ​ပ​မှုရှိ​စေရေး အ​လေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊
စဉ့်ကူးမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ
Jul 08,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။