သတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသင်တန်း အမှတ်စဉ်(၁၆)၊ (၁၇)သင်တန်းဆင်းပွဲနှင့် သင်တန်းအမှတ်စဉ်(၁၈)သင်တန်းသားအသစ်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Jul 08,2023
ဧရာဝတီတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသင်တန်းအမှတ်စဉ်(၁၆)၊ (၁၇)သင်တန်းဆင်းပွဲနှင့် သင်တန်းအမှတ်စဉ်(၁၈)သင်တန်းသားအသစ် ကြိုဆိုပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာအခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ သင်တန်းသားသံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ငွေ၊ စာရေးကိရိယာများနှင့် ရိက္ခာလေးမျိုးပေးအပ်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ပေးအပ်
Jul 08,2023
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ငွေ၊ စာရေးကိရိယာများနှင့် ရိက္ခာအမယ်လေးမျိုး ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် ကြက်ခြေနီအသင်းခွဲငယ်များအား အသိပညာပေးဟောပြောပွဲနှင့် အသင်းခွဲငယ် အစည်းအဝေးကျင်းပ
Jul 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ကြက်ခြေနီအသင်းခွဲငယ် ဖွဲ့စည်းထားပြီးသော အခြေခံပညာကျောင်းများတွင်” ကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲများ”ကို သာပေါင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ကုလားဝဲ)၊ အခြေခံပညာ အလယ်တန်းကျောင်း(ဆင်လမ်း)နှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ဖန်ခါးကုန်း)ကျောင်းများ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Jul 08,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ဇူလိုင်လ ၈ရက် နံနက် ၁၀ နာရီအချိန်က ညောင်ကုန်းကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၉၁၄ က)ညောင်ကုန်းကွင်း၊ ဦးပိုင်အမှတ် ၁၆၃/၁၊ တောင်သူဦးထွန်းစိုး၏ လယ်မြေ (၁) ဧကတွင် ရတနာတိုးမျိုးစပါးနွေစပါးစံပြကွက် ရိတ်သိမ်းပွဲကျင်းပပြုလုပ်ခဲ့ရာ တစ်ဧက စပါးအစိုထွက်နှုန်း၉၃ ဒသမ ၇၂ တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ ဒေသထွက် သစ်​သော့သီးများစျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိ
Jul 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်သစ်​သော့သီးများ စျေးကောင်းရ၍ မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဝမ်ဝိန်းရပ်ကွက်မှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဒေါ်နန်းနွန်းထံမှ သိရသည်။
ကျွန်းစုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade – 12(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကျင်းပ
Jul 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ ၂၀၂၃-၂၀၂‌၄ ပညာသင်နှစ် Grade – 12 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း(၆)ရက် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ထူးချွန် ကျောင်းသား/ကျောင်းသူများနှင့်ဂုဏ်ထူးရရှိ‌‌အောင်သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့  နံနက်   ၁၀ နာရီက   ငုဝါဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
သီပေါမြို့နယ်တွင် အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်
Jul 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။