ပေါ်ဦးပေါ်ဖျား နာနတ်သီး ဈေးကောင်းရရှိ
Jul 10,2023
ဇွန်လနှင့်ဇူလိုင်လသည် နာနတ်သီး ပေါ်ဦးပေါ်ဖျားရာသီဖြစ်သည့်အလျောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ သစ်သီးဆိုင်များနှင့် မြို့မဈေး များတွင် ဒေသခံတိုင်းရင်းသား သစ်သီးဈေးသည်များသည် နာနတ်သီးကို သူ့ထက်ငါအပြိုင်အဆိုင် ရောင်းချလျက်ရှိကာ ယခင်နှစ်ထက် ရောင်းအားကောင်းပြီး ဈေးကောင်းရရှိသည်။