စဉ့်ကိုင် ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာမြင့်ကျော်၏ "ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝါသနာပါသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ပရိတ်သတ်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားခြင်း၊ မိတ်ဆွေအပေါင်းအသင်းများ တိုးပွားခြင်း၊ အတွေးအခေါ်သစ်များရရှိခြင်း၊ အချိန်အနည်းငယ်အတွင်း အသိပညာများစွာ ရရှိစေသောကြောင့် စာဖတ်ဝိုင်းသို့ တက်ရောက်စေလိုကြောင်း၊ ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာဖတ်သည့် အလေ့အထများ ပိုမိုတိုးတက်ရရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းနာယက ဦးသန်းအောင်က စာဖတ်ဝိုင်းများကို အပတ်စဉ် ဆောင်ရွက်သွားစေလိုကြောင်း သို့မှသာ အသင်း၀င်များအနေနှင့် အတွေးအမြင်များ၊ ဖတ်ရှုလေ့လာမှုများကို ပြန်လည်မျှဝေခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်လာမှာဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာရေးဆရာတိုက်ကြည်(စဉ့်ကိုင်)က စာရေးဆရာမြင့်ကျော်၏ "ခယောင်းလမ်းမသည်
ပန်းလွင်ပြင်ဆီသို့"စာအုပ်ပါ စာပေလမ်းရဲ့အစ ခရီးခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်မိုးမိုးကလည်း "ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့" စာအုပ်မှ "ရေကြည်တစ်ပေါက်နဲ့ လူတစ်ယောက်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့၀င်ဦး၀င်းဦးမှ "ခေတ်သစ်နှလုံးသား အင်တာနက်ရပ်ဝန်း" ခေါင်းစဉ်ဖြင့် အခန်းကဏ္ဍများကို အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါ အခန်းကဏ္ဍများထဲမှ သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)